ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (၂၁)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲကို (၁၈.၈.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာကျော်ကျော်ခေါင်၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမင်းမင်းရီ နှင့်တကွ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပညာရေးဝန်ထမ်းမိသားစုများမှ သန်လျင်မြို့အောင်သုခပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် အဘိဓမ္မာဌာန မဟာဌာနမှူးဒေါက်တာ ဘဒ္ဒန္တထေရိန္ဒ အမှုးရှိသော ဆရာတော် သံဃာတော်များအားဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် အခြားလှူဒါန်းဖွယ်ရာများကို စုပေါင်းဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။